KANEFUJI Co.,LtdGroup Company
Group Comapany တခုဖြစ်သောKANEFUJI Co.,Ltd၏ကြိုးပမ်းလုပ်ဆောင်ချက်များ
1970နှစ်တည်ထောင်ချိန်မှစ၍ယုံကြည်မှုရရှိထားခြင်းကိုရင်းမြစ်အခြေခံပြီးအတွင်းပိုင်းဆောက်လုပ်ရေးလုပ်ငန်းကို လက် လှမ်း ဆောင်ရွက်ခဲ့ပါသည်။တိုက်တာအဆောက်အဦအသုံးပြုသူများအတွက်ဆောက်လုပ်ရေးနည်းပညာအပြည့်အ၀သုံးကာ အသင့်တော်ဆုံးအနေအထားထိတာ၀န်ယူပေးခြင်းကြောင့်အမည်ကောင်းဖြင့်ဂုဏ်သတင်းမွှေးသောကုမ္ပဏီဖြစ်ပါသည်။ တည်ထောင်မှု53နှစ်သို့ရောက်ရှိလာပြီးနောက်အတွင်းပိုင်းဆောက်လုပ်ရေးလုပ်ငန်းကိုအခြေခံပြီးပြန်လည်ပြုပြင်တည် ဆောက်ခြင်း၊ အဆောက်အဦအပြင်ပိုင်းဆောက်လုပ်ခြင်း၊အဆောက်အဦဆောက်လုပ်ခြင်း၊ကားပါကင်တည်ဆောက်ခြင်း၊ လုပ်ငန်းစီမံကိန်းဒီဇိုင်းများအထိလုပ်ငန်းဆောင်တာအမျိုးမျိုးကိုဖြန့်ကျက်လုပ်ကိုင်လျက်ရှိပါသည်။
နိုင်ငံခြားသားနည်းပညာအလုပ်သင်သင်တန်းသားခေါ်ယူမှု
နိုင်ငံခြားသားနည်းပညာအလုပ်သင်သင်တန်းသားကြီးကြပ်ရေးဌာနOTITလက်အောက်ခံကြီးကြပ်ရေးအဖွဲ့အစည်း ကုမိအအိုင်မှတဆင့်အလုပ်သင်သင်တန်းသားလက်ခံခန့်ထားလျက်ရှိပါသည်။ပထမအသုတ်သင်တန်းသားများအဖြစ် 2015ခုနှစ်တွင်မြန်မာလူမျိုးအလုပ်သင်သင်တန်းသားများကိုလက်ခံခဲ့ပါသည်။၃နှစ်တာဟူသောအလုပ်သင်ကာလတို ဖြစ်လင့်ကစား နေ့စဥ်ကြိုးစားလုံ့လထားကာတချိန်တွင်အမိမြေနှင့်ဂျပန်နိုင်ငံတိုးတက်ရေးအတွက်အားထုတ်ပေးနိုင်သောလူသား အရင်းအမြစ်နှင့်အနာဂတ်တန်ဖိုးရှိသည့်သင်တန်းသားကာလဖြစ်စေရေးအတွက်ပြုစုပျိုးထောင်ပံ့ပိုးပေးလျက်ရှိပါသည်။ လက်ရှိတွင် ဆဌမအသုတ်သင်တန်းသားများအထိခေါ်ယူလျက်ရှိပါသည်။
** မိမိတို့Group Comapany အနေဖြင့်မြန်မာလူမျိုးများနှင့်ရေရှည်ဆက်ဆံရေးကိုအလေးထားလိုသောဆန္ဒရှိပြီး မြန်မာလူမျိုးများအတွက်ကူညီနိုင်မည့်အကြောင်းအရာကိုတွေးတောကာမြန်မာလူမျိုးများအတွက်၀န်ဆောင်မှုပေးမည့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ တဦးချင်းတယောက်ချင်းမှမကျန် အားသွန်ခွန်စိုက်လက်ခံဆွေးနွေးပေးသွားပါမည်။ **